26/09/2026
ပထမအကြိမ်ကြိုးစားခဲ့ချိန်က မရခဲ့တဲ့ Pose တစ်ခုကို
နောက်တစ်ကြိမ်မှာ “လွယ်သွားပြီ” လို့ ဆိုလာကြပါတယ် ✨
ဒီ Pose ကို ပထမအကြိမ် ကျင့်ခဲ့တုန်းက
balance ရှာရခက်တယ်၊ ခန္ဓာကိုယ်ကို ထိန်းရခက်တယ်၊
ဒါကြောင့် တော်တော်များများက မရခဲ့ကြပါဘူး။
ခု ဒုတိယအကြိမ် ပြန်ကျင့်တဲ့အခါမှာတော့
“အရင်တစ်ခါထက် လွယ်သွားပြီ” လို့ ပြောကြပါတယ်။
Yoga practice မှာ progress ဆိုတာ
ခက်ခဲတဲ့ Pose အသစ်တွေ အမြဲလုပ်နိုင်ဖို့တင် မဟုတ်ပါဘူး။
အရင်က ခက်ခဲ့တဲ့အရာကို တဖြည်းဖြည်း
ပိုတည်ငြိမ်အောင် ထိန်းနိုင်လာတာ၊ ပိုနားလည်လာတာ၊
ကိုယ့်ခန္ဓာကိုယ်ကို ပိုထိန်းချုပ်နိုင်လာတာဟာလည်း Progress ပါပဲ။
Practice. Adapt. Progress. 🤍
For You Yoga — Intermediate Class
For You Yoga & Wellness Center
📍 အမှတ် (၁၉၂)၊ မဟာဗန္ဓုလလမ်း၊ ၃၇ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်
📞 09 953 353 363
📌 Monday Closed