ATHA Yoga Corner

ATHA Yoga Corner

Share

ATHA YOGA NUSASSANAM
စိတ်နဲ့ခန္ဓာ ကိုသင်ကိုယ်တိုင်တာဝန်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင် YOGA စလေ့ကျင့်လို့ရပါပြီ

14/08/2026

Why Your Body Feels Stiff in the Morning

မနက်အိပ်ရာနိုးလာတဲ့အချိန်မှာ
လည်ပင်းတောင့်တောင့်၊ ခါးတင်းတင်း၊
ခြေထောက်တွေ လေးလံနေသလို ခံစားဖူးပါသလား။

ပြီးတော့ နည်းနည်း လှုပ်ရှားလိုက်၊
ရေချိုးလိုက်၊ လမ်းလျှောက်လိုက်တဲ့အခါမှ
တဖြည်းဖြည်း ပြေလျော့သွားတတ်ပါတယ်။

ဒါက အများအားဖြင့် ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေလို့ မဟုတ်ပါဘူး။

ညအိပ်နေတဲ့အချိန်မှာ
ခန္ဓာကိုယ်က နာရီပေါင်းများစွာ လှုပ်ရှားမှုနည်းသွားပါတယ်။

အဲဒီအချိန်အတွင်းမှာ ကြွက်သားတွေ၊ အဆစ်တွေက
နေ့ဘက်လှုပ်ရှားနေချိန်လို အဆက်မပြတ် မရွေ့လျားတော့တာကြောင့်
မနက်နိုးတဲ့အခါ stiffness ကို ပိုသတိထားမိနိုင်ပါတယ်။

အိပ်တဲ့ posture တစ်မျိုးတည်းနဲ့ အချိန်ကြာကြာနေခြင်း၊
အရင်နေ့က exercise ပြင်းပြင်းထန်ထန်လုပ်ထားခြင်း၊
အိပ်ရေးမဝခြင်းနဲ့ recovery မလုံလောက်ခြင်းတွေကလည်း
မနက်ပိုင်း တောင့်တင်းမှုကို ပိုသိသာစေနိုင်ပါတယ်။

ဒါကြောင့် မနက်နိုးနိုးချင်း
ခန္ဓာကိုယ်ကို အတင်းဆွဲပြီး
deep stretching လုပ်ဖို့ မလိုပါဘူး။
အရင်ဆုံး ဖြည်းဖြည်းချင်း စပါ။

လက်တွေကို ဆန့်ထုတ်တာ၊
ပခုံးကို လှည့်တာ၊
ကျောရိုးကို ညင်ညင်သာသာ လှုပ်ရှားတာ၊
အသက်ရှူရင်း Cat–Cow လို movement လေးတွေ လုပ်တာ၊
ခဏလမ်းလျှောက်တာမျိုးကနေ စလို့ရပါတယ်။
Your body may not need a harder stretch.
It may simply need time to wake up.

မနက်ခင်းမှာ စိတ်ကိုပဲ နိုးထဖို့လိုတာ မဟုတ်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်ကိုလည်း
အချိန်နည်းနည်းပေးပြီး
ဖြည်းဖြည်းချင်း နိုးထခွင့်ပေးပါ။

Practice Via Zoom
(7am ~ 8am), (7pm ~ 8pm)
Mon, Tue, Wed
12sessions/ month

#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

13/08/2026

Your Body Is Different Every Day

မနေ့က အလွယ်တကူ လုပ်နိုင်ခဲ့တဲ့ Yoga Pose တစ်ခုကို
ဒီနေ့ကျတော့ ဘာလို့ ခက်နေပါလိမ့်လို့ တွေးဖူးပါသလား။
မနေ့က ရောက်ခဲ့တဲ့နေရာကို
ဒီနေ့ မရောက်နိုင်တော့တဲ့အခါ
“ငါ့ခန္ဓာကိုယ် ပိုတောင့်လာတာလား”
“Practice က နောက်ဆုတ်သွားတာလား” လို့ ထင်မိတတ်ပါတယ်။

တကယ်တော့
Your body is different every day.
အိပ်ရေးဝခဲ့၊ မဝခဲ့တာ၊
တစ်နေ့လုံး ထိုင်နေရတာ၊
Stress များနေတာ၊
အရင်နေ့က Workout လုပ်ထားတာ၊
ခန္ဓာကိုယ်ရဲ့ Energy Level၊
Recovery အခြေအနေတွေကအစ
ဒီနေ့ ကိုယ်လက်လှုပ်ရှားနိုင်မှုအပေါ် သက်ရောက်နိုင်ပါတယ်။

ဒါကြောင့် Yoga Practice တစ်ခုကို လေ့ကျင့်တိုင်း
နေ့တိုင်း တူတူဖြစ်နေဖို့ မလိုပါဘူး။
တချို့နေ့တွေမှာ
ပိုပျော့ပျောင်းစွာ Stretch လုပ်နိုင်မယ်။
တချို့နေ့တွေမှာတော့
Child’s Pose ထဲမှာပဲ အချိန်ပိုယူချင်မယ်။

တချို့နေ့တွေမှာ Balance ကောင်းနေပြီး
တချို့နေ့တွေမှာ ရိုးရိုး Tree Pose လေးတောင်
ယိုင်နေနိုင်ပါတယ်။
ဒါတွေဟာ နောက်ဆုတ်သွားတာ မဟုတ်ပါဘူး။

Yoga က မနေ့က ကိုယ့်ကို ဒီနေ့ ပြန်အနိုင်ယူရတဲ့ ပြိုင်ပွဲတစ်ခု မဟုတ်ဘူး။
ဒီနေ့ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုရှိနေလဲဆိုတာ
သတိထားမိဖို့၊
အဲဒီအခြေအနေကို လေးစားပြီး
လိုအပ်သလို Practice လုပ်တတ်ဖို့လည်း ဖြစ်ပါတယ်။

Don’t practice the body you had yesterday.
Practice the body you have today.
နေ့တိုင်း ကိုယ့်ခန္ဓာကိုယ်ကို
ပြောင်းလဲခွင့်ပေးပါ။
ပြီးတော့ အဲဒီနေ့မှာ ရှိနေတဲ့ ကိုယ့်ခန္ဓာကိုယ်နဲ့ပဲ
Practice ကို စတင်ပါ။ 🌿

Practice Via Zoom
(7am ~ 8am), (7pm ~ 8pm)
Mon, Tue, Wed
12sessions/ month

#နီးစပ်ရာမှာYOGAကျင့်ပါ #အခုကစYOGAကျင့်ပါ
#လှုပ်ရှားကျန်းမာစိတ်နဲ့ခန္ဓာ

12/08/2026

ဘဝမှာ ငါဆိုတဲ့မာန်မာနကြောင့်
အငြှိုးအတေးတွေနဲ့ လေးလံပြီး

အတ္တတွေသိပ်ကြီးလာရင်
အစွဲအလန်းတွေ သိပ်များလာရင်

သူ့ကို သတိရပါ

Photos from AV Yoga's post 09/08/2026

Yoga Beyond the Mat - Face Yoga Session✨

09/08/2026

ဒီနေ့ (09.08.2026) AV Yoga Studio မှာ
"ဖျာပေါ်သာမက လက်တွေ့ဘဝမှာပါ လေ့ကျင့်ရတဲ့ ယောဂအကျင့်တရား၊ Yoga Beyond the Mat,” အနေနဲ့ စီစဉ်တဲ့ Monthly Donation Class လေးမှာ အတူတူပူးပေါင်းပါဝင်လေ့ကျင့်ဖြစ်ခဲ့ပါတယ်။

ဒီနေ့အစီအစဉ်လေးကိုတော့ တီချယ် April က ဦးဆောင်စုစည်းပြီး
တီချယ် Aye Mon Khaing (Yoga With Moon) https://www.facebook.com/share/1BxYgLFqd1/?mibextid=wwXIfr က

အလှအပနဲ့ ကျန်းမာရေးအတွက် Face Yoga Session လေးကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။

Sharing Session လေးအပြီးမှာတော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ မိဘမဲ့ကလေးငယ်များ အားပြုကွန်းခိုရာ ဂေဟာလေးသို့ ထမင်း ၂ နပ်စာအလှူငွေနဲ့ ဆန်တစ်အိတ်ကို အာဟာရဒါနအဖြစ် တပါတည်း သွားရောက်ပေးအပ်ခဲ့ပါတယ်။

AV Yoga Studio မှာ လစဉ်လတိုင်း ဒီလိုမျိုး အကျိုးရှိစေမယ့် Sharing Session လေးတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး တကယ်လိုအပ်နေတဲ့ နေရာတွေကို စိစစ်ရွေးချယ်ထောက်ပံ့ကူညီသွားမှာ ဖြစ်လို့ လိုအပ်သူနဲ့ မျှဝေချင်သူတွေ ဆက်သွယ်လို့ရပါတယ်။

May our Effort & Labor support the Others’ Health, Growth & Peace.

07/08/2026

ATHA Yoga Corner မှာ Basic Anatomy Course တွေ တက်ပြီးပြီဆိုရင် တခြားဘယ်လိုအတန်းရှိသေးလဲ၊ ဘာဆက်တက်လို့ရလဲ လို့ မေးလေ့ရှိတဲ့သူတွေအတွက်ပါ။ ဒီအတန်းလေးကတော့ ခုလောလောဆယ် Online သီးသန့် Service ပေးနေတဲ့ One on One Coaching (Online Session) လေးပါ။

လူရယ်လို့ဖြစ်လာရင်၊ လူသားခန္ဓာကိုယ်ရလာရင် အကြောင်းအရာမျိုးစုံကြောင့် နာတာကျင်တာ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်တတ်တာ သဘာဝပါပဲ။ ဖြေရှင်းနိုင်ရင် လွယ်ပေမယ့် မဖြေရှင်းနိုင်သေးတဲ့အခါ ဘဝမှာ ပြသနာကြီးတစ်ခုအနေနဲ့ အချိန်အကြာကြီး ခံစားရလေ့ရှိပါတယ်။

အဲ့လိုခံစားနေရတဲ့သူကိုယ်တိုင်အတွက် (သို့) ထိခိုက်အနာတရဖြစ်ထားတဲ့ Client တွေနဲ့ Deal လုပ်နေရတဲ့ Instructor တွေအတွက် ရည်ရွယ်ပြီးဖွင့်ထားတာဖြစ်တဲ့အတွက် "ပြသနာရှာတဲ့အတန်း၊ ပြသနာဖြေရှင်းတဲ့အတန်း" လို့ နာမည်ပြောင်လေးပေးထားပါတယ်။

ဒီ Session လေးကို စိတ်ဝင်စားတယ်ဆိုရင် လိုအပ်ချက်တွေကို Page Messenger မှာ အသေးစိပ် လွတ်လွတ်လပ်လပ် စုံစမ်းမေးမြန်းလို့ရပါတယ်။ တစ်ယောက်ချင်းစီရဲ့လိုအပ်ချက်နဲ့ ကိုက်ညီအောင် Customized Design လေးတွေ စီစဉ်ပေးမှာဖြစ်ပြီး Instructor တွေဆိုရင်တော့ Basic Anatomical Knowledge Assessment လေး အရင်လုပ်ပါ့မယ်။





Photos from ATHA Yoga Corner's post 06/08/2026

Congratulations to all of you!!!

20Hrs Basic Anatomy Course Batch 10 (Online Class)

အတန်းပျက်စရာအကြောင်းအရာတွေ အများကြီးရှိနေသည့်တိုင် စလယ်ဆုံး ရအောင်အမှီလိုက်ခဲ့ပေးကြလို့ ကျေးဇူးတင်ပါတယ်။

ကိုယ်တိုင်ကစလို့ နီးစပ်ထိတွေ့ခွင့်ရသူတွေရဲ့ စိတ်နဲ့ခန္ဓာကျန်းမာရေးကို အများကြီးစောင့်ရှောက်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။

ကိုယ်၊ စိတ်၊ နှလုံး ၃ ပါးစလုံး
မြှုပ်နှံပြီး တို့တွေအားထုတ်ခဲ့သမျှ
ဘယ်အရာမှ အလဟဿ မဖြစ်ပါဘူး။

May our Effort & Labor support
Others’ Health, Growth & Peace.




#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

05/08/2026

လူ့ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံး structure တစ်ခုဖြစ်တဲ့ Skeletal System (အရိုးငြမ်းအဖွဲ့အစည်း) ဟာ ကျွန်တော်တို့ကို ဘာတွေ အထောက်အကူပြုနေသလဲ? ဘာအကျိုးတွေ ဖြစ်ထွန်းစေသလဲ?

လေ့ကျင့်ခန်းတွေအန္တရာယ်ကင်းကင်းပြုလုပ်နိုင်ဖို့ အခြေခံအကျဆုံးအချက်တစ်ခုဖြစ်တဲ့ လူ့ခန္ဓာကိုယ်အကြောင်း ပြည့်စုံလွယ်ကူစွာ သိရှိနိုင်စေမယ့် 20Hrs Basic Anatomy Course Batch 11(Online Class) ကို လာမယ့် 10.08.2026 မှာ စတင်မှာဖြစ်လို့ စိတ်ဝင်စားရင် အတန်းအပ်လို့ရပါပြီ။




#အောက်ခြေခိုင်အောင်အခြေခံကစကြမယ်

05/08/2026

Honor Your Anatomy, Refine Your Flow.

Every structure requires a strong foundation. Our Anatomy-Based Asanas class at GAIA is designed to provide you with a deeper biomechanical awareness of each pose, ensuring a practice that is both restorative and sustainable.

Guided through intentional adjustments and anatomical alignment, you’ll learn to move with maximum effortlessness and zero compromise on safety.

Join us on the mat tomorrow for an empowering hour of movement. GAIA Social Club https://www.facebook.com/share/1B3sNrUWwi/?mibextid=wwXIfr

📆 When: Every Thursday & Friday
⏰ Time: 6:00 PM – 7:00 PM
📍 Where: GAIA Social Club

Spaces are limited to preserve an intimate learning environment.





05/08/2026

အခြားအားကစားတွေ လုပ်နေရင်း

Yoga ကို ဘာကြောင့်တွဲဖက်လေ့ကျင့်သင့်တာလဲ? ✨

Want your business to be the top-listed Gym/sports Facility in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Yangon