21/07/2026
August လမှာ အောင်လံမြို့ တိုက်ခွဲ(၃၂)သဲအင်းဂူတရားစခန်းမှာ(ဝါတွင်းနာရီရှည်) ဝင်မှာဖြစ်လို့
ရွှေဇင့်ရဲ့Online နဲ့ Studio Class တွေ ကို July လ 29ရက်နေ့ကနေ Augustလ 21ရက်နေ့အထိနားပါမယ်။ ဒီရက်တွေအတွင်းမှာ Instructor Tr. Htet ရဲ့အတန်းချိန်တွေရှိပါမယ်ရှင့်။
Tr.Htetကိုယ်တိုင်ယောဂကိုဝါသနာပါလို့လဲလေ့ကျင့်တယ်၊ သင်ကြားပေးမှုမှာလဲ အချိန်ကုန်သွားမှန်မသိအောင်ကိုပဲ အပါဆွဲခေါ်ပြီးစိတ်ရှည်စွာနဲ့သင်ကြားပေးနိုင်သူပါ။
အတန်းချိန်တွေက
August Class Schedule
Tuesday & Thursday Morning Class
Class(1) 7:00am to 8:00am
Class(2) 8:15am to 9:15am
📲09-971961574. (Tr. Shwe Zin)
09-420142508.(Tr.Htet)
29/06/2026
July လအတွက်သင်တန်းအချိန်လေးတွေပါရှင့် 🥰😍✨
03/06/2026
June လ Yoga Class အချိန်လေးနဲ့ Class Fees
အနည်းငယ်အပြောင်းအလဲရှိပါတယ်ရှင့် 🥰🥰🥰
ကိုယ်ရောစိတ်ပါကျန်းမာစေဖို့အတွက်
အဓိကရည်ရွယ်ချက်ထားပြီး
ယောဂလေ့ကျင့်ပေးနေတာဖြစ်လို့
နေ့စဉ်ထမင်းစားရေသောက် လုပ်သလိုပဲ
ဝီရိယထားပြီး ပုံမှန်လာရောက်လေ့ကျင့်ကြည့်ပါ။
တစ်လကနေ နှစ်ကြာလာတာနဲ့ အမျှ
အကျိုးကျေးဇူးကောင်းတွေ ရရှိလာမှာပါ။
Yoga Instructor တစ်ယောက်အနေနဲ့ …..
လိုအပ်တဲ့ skills တွေကို နေ့တိုင်း upgrade
လုပ်နေတာမို့ ….
“Your most reliable yoga instructor” ဖြစ်စေရပါမယ်ရှင့် ….
Shwe Zin Paing @ Zen Ashtanga Yoga
📲09-971961574.
Messenger DM to m.me/zenyogaclass
14/05/2026
ရွှေဇင်ရဲ့ဘဝမှာ ယောဂကို စတင်ထိတွေ့ခဲ့တာဟာ
ကျန်းမာရေးအတွက် ဖြစ်ပေမယ့်၊ ဒီကနေ့မှာတော့
ယောဂဟာ ကျမအတွက် လေ့ကျင့်ခန်းတစ်ခုထက်ကို
ပိုသွားပါပြီ။
နေ့စဉ် ဖျာလေးပေါ်မှာ အသက်ရှူသံနဲ့အတူ
ခန္ဓာကိုယ်ကို လှုပ်ရှားရင်းကနေ ရလာတဲ့ သင်ခန်းစာ
တွေက ကျမရဲ့ နေ့စဉ်ဘဝ ဖြတ်သန်းမှုပုံစံကိုပါ
ပြောင်းလဲစေခဲ့ပါတယ်။
🍀ခန္ဓာကိုယ် ကျန်းမာရုံတင်မကဘဲ စိတ်ကိုပါ
ကုသပေးပါတယ်။ အစပိုင်းမှာတော့ ခန္ဓာကိုယ်
ပျော့ပျောင်းဖို့၊ အကြောအခြင် ပြေလျော့ဖို့ပဲ
အာရုံစိုက်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ယောဂဟာ
ကျမတို့ရဲ့ "စိတ်" ကိုပါ ကုသပေးတာပါ။ ခက်ခဲတဲ့
ပုံစံတစ်ခု (Asana) ကို ကျင့်ကြံတဲ့အခါ အသက်ကို
အတင်းမရှူဘဲ တည်ငြိမ်အောင် ထိန်းရသလိုပဲ၊ ဘဝရဲ့
ခက်ခဲတဲ့ အခြေအနေတွေ ကြုံလာတဲ့အခါမှာလည်း
ဒေါသနဲ့ လောဘနောက်ကို မပါသွားဘဲ
တည်တည်ငြိမ်ငြိမ်နဲ့ ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို
သိလာခဲ့ပါတယ်။
🍀"လက်ရှိ" မှာ နေထိုင်တတ်တဲ့ အလေ့အကျင့်
(Mindfulness)ကောင်းတွေလဲရရှိလာခဲ့တယ်။
ကျမတို့ တော်တော်များများက အတိတ်က အမှားတွေ
အတွက် နောင်တရနေတတ်ကြသလို၊ မရောက်သေး
တဲ့ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်နေတတ်ကြပါ
တယ်။
🍀ယောဂကျင့်စဉ်က ကျမကို သင်ပေးတာက
အခု အသက်ရှူနေတဲ့ ခဏလေးမှာပဲ အာရုံစိုက်ဖို့ပါ။
ဒီနေ့ ဒီအချိန်မှာ ကျမတို့ ဘာလုပ်နိုင်သလဲဆိုတာကိုပဲ
အာရုံစိုက်တတ်လာတဲ့အခါ မလိုအပ်တဲ့ စိတ်ဖိစီးမှု
တွေ အလိုလို လျော့ပါးသွားပါတယ်။
🍀ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်လာခြင်း (Self-
Acceptance)ရရှိလာပါတယ်။
တခါတရံမှာ တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်
ကိုယ်ကိုယ် အားမရတာမျိုးတွေ ရှိဖူးမှာပါ။ ဒါပေမယ့်
ယောဂကျင့်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်
ခန္ဓာကိုယ် တည်ဆောက်ပုံ မတူသလို၊ တိုးတက်မှုနှုန်း
လည်း မတူဘူးဆိုတာ သိလာရပါတယ်။ ဒါကြောင့်
သူတစ်ပါးနဲ့ မနှိုင်းယှဉ်တော့ဘဲ မနေ့က ကိုယ့်ထက်
ဒီနေ့ ကိုယ်ပိုကောင်းအောင်ပဲ ကြိုးစားတတ်လာပါ
တယ်။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို
လက်ခံတတ်လာတာဟာ စိတ်ချမ်းသာမှုရဲ့
လျှို့ဝှက်ချက်တစ်ခုပါပဲ။
🍀နောက်တခုက အရာရာကို အကောင်းမြင်တဲ့
ရှုထောင့်က ကြည့်လာနိုင်ခြင်းပါ။
ယောဂဟာ ကျမကို သည်းခံခြင်း နဲ့ ခွင့်လွှတ်ခြင်း
ကို သင်ပေးပါတယ်။ ကျမကိုယ်တိုင် ကျန်းမာလာ
သလို ကျမရဲ့ သင်တန်းသူ/သားတွေကို သင်ကြားပေး
တဲ့အခါမှာလည်း သူတို့ရဲ့ ပြောင်းလဲမှုလေးတွေကို
ကြည့်ပြီး ပီတိဖြစ်ရပါတယ်။
လောကကြီးကို
အပြစ်တင်ဖို့ထက် ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို
ဘယ်လို ပြုပြင်ရမလဲဆိုတာကို ပိုပြီး သိမြင်လာခဲ့ပါ
တယ်။
ယောဂဆိုတာကိုယ့်ရဲ့ အတွင်းစိတ်နဲ့ ပြန်လည် ထိတွေ့
ပြီး ဘဝကို ပိုမို ကြည်လင်တဲ့ အမြင်နဲ့ ကြည့်တတ်လာ
အောင် လေ့ကျင့်ပေးတာပါ။
ဒီကနေ့ကစပြီး ရွှေဇင်နဲ့အတူ ခန္ဓာကိုယ်ကျန်းမာရေး
တင်မကဘဲ စိတ်ရဲ့ ငြိမ်းချမ်းမှုကိုပါ ရှာဖွေဖို့ ယောဂ
ကျင့်စဉ်လေးတွေကို အတူတူ လေ့ကျင့်ကြ
ရအောင်လားရှင်။